18 February 2009

ကိုယ်တိုင်ရေး အထ္ထုပ္ပတ္တိ (နေမင်းနီ)

ယုံကြည်ချက်နဲ့ အမှန်တရား
ခြားနားလိုက်တဲ့အခါ
အဖြေဟာ သုည
(ဒီလိုနဲ့ )
သူပုန်ထဖြစ်ခဲ့ပါတယ်…။

ဆယ်ကျော်သက်ရွယ်မို့ 
'ငယ်ဖြူ'လို့ ပဲ ဆိုပါတော့…။

ငယ်သူမို့လည်း
ဘယ်သူမဆို ဆရာတင်
ပြည်သူကို ဘဂဝါအမြင်နဲ့ 
အာဏာရှင်ကို စည်းပြတ်
ရပ်တည်ချက်ဟာ ကြီးမြတ်
အပြီးသတ်အောင်ပွဲကို ရည်သန်ခဲ့တယ်…။

ရှင်သန်ခဲ့တဲ့ နှစ်သုံးဆယ်မှာ
ကျောင်းပညာက ဆယ့်ငါးနှစ်
ဘဝတက္ကသိုလ်က ဆယ့်ငါးနှစ်
ကျုပ် လူတတ်ကြီးဖြစ်ပြီလား…။

ဘ၀ရဲ့ အစူအစဉ်မှာ
တော်လှန်ရေးထဲ စီးဝင်ပြီး
မီးပင်လယ်နဲ့ ဒါးတောင်တန်းကို
အောင်ပွဲရမယ်ဆိုတာ
သေချာနေတဲ့အတွက်
ဆက်လက်ချီတက်ရပါဦးမယ်…။ ။

-နေမင်းနီ-

No comments:

Post a Comment