28 May 2009

သံတိုင်ကြားက လရောင်ဆီ (ဝင်းတင့်ထွန်း)

ထောင်နန်းစံရအောင်
ထောင်ဖမ်းကာ အမှုအလီလီဆင်လို့
အာဏာရှင် ထင်ရာစိုင်းပုံက
ရာဇဝင် စာတင်အောင် ရိုင်းပြီမို့
အတိုင်းတိုင်း အနယ်နယ်မှာ
ကိုင်း… ကြားလို့မှ မဖွယ်မရာ…။


‘အောင်ဆန်းစုကြည်’ဆိုတာ
အောင်လမ်းရှုချီရာ လတစင်းပေမို့
လမင်းကို တိမ်အိုဖုံးသော်လည်း
တိမ်ဖုံးပေမယ့် လသာမြဲ…။

‘နအဖ’ဆိုတာ ကလိမ်ယုတ်တွေမို့
တိမ်ပုပ်ကနေ မှောင်မဲရင်းသာပေါ့
အိမ်ချုပ်ကနေ ထောင်ထဲသွင်းပါလို့
လမင်းကို ထောင်ဒဏ်ချပေမယ့်
သံတိုင်ကြားက လရောင်ဟာ
အုတ်ရိုးကြားက လရောင်ဟာ
တဖြာဖြာနဲ့ ဝင်းပရင်း
ကမ္ဘာကပါ မြင်ရရင်း…။

ကြယ်နီတို့…
ကြယ်ဝါတို့
ကြယ်ဖြူတို့
ကြယ်စင်တို့ရေ…
အမှောင်တွေကို တကယ်မုန်းရင်ဖြင့်
စုရုံးကာ ပိုင်ရာအလင်းတွေနဲ့
လမင်းအနား အတူယှဉ်လို့
ဒီကောင်းကင် ကြည်စင်သစ်ရအောင်
တိမ်ညစ် တိမ်မှောင် တိမ်လွှာပုပ်တို့ကို
တောထုတ်ဖြိုခွင်း
(ကိုင်း…) ပြကြအလင်း…။ ။

-ဝင်းတင့်ထွန်း-
၂၇၊ ၅၊ ၂၀၀၉
(မတရားသဖြင့် အမှုဆင် ရုံးတင် တရားစွဲဆိုခြင်းခံနေရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သို့)

No comments:

Post a Comment