25 May 2009

မုန်တိုင်းနီ

ကဗျာသမိုင်း
ခေတ်အရိုင်းတွင်
မုန်တိုင်းဘာ့ကြောင့် တိုက်သနည်း…။


အတုအယောင်
အမှောင်ကွက်ကြား
ခေတ်လှေကားတွင်
တရားသစ္စာ
ပျက်ယွင်းလာကြောင့်
မဟာတော်လှန်
ဘဝမှန်တွက်
ပြင်းထန်မုန်တိုင်း တိုက်ရတကား….။ ။

မြန်မာနိုင်ငံ ပြည်သူ့ကဗျာဆရာအသင်းချုပ်
မတ်လ၊ ၁၉၆၃
(‘မုန်တိုင်းနီ’ကဗျာစာအုပ်မှ)

1 comment: