08 June 2009

သစ္စာမုယော (မောင်လှဝင်း-မြင်းခြံ)

အခွန်မဆက်၊ စွပ်စွဲချက်နဲ့
ကျေးလက်ဇနပုဒ်မှ
လယ်သူမအား
နန်းရင်ပြင်ထက် ဆွဲခေါ်လာ…။

ရှင်ဘုရင်။ ။ အခွန်မဆက်၊ ‘သစ္စာပျက်’
ပြည့်ဝန်မရွက်၊ အာဏာဖျက်
ဘယ်တွက်ဖီဆန်
တော်လှန်အစိုးရ လယ်သူမ…။

လယ်သူမ။ ။ တို့ပြည်တခွင်၊ လယ်တောခွင်မှာ
မေတ္တာဖောက်ဖျက်၊ သစ္စာပျက်
မြေယာကွဲအက်၊ မုယောမထွက်
‘သစ္စာ’တည်ရာ၊ ‘မုယော’ပါပဲ
တရားစွဲချင်စွဲ
ဓါးဝဲချင်ဝဲ
မုယောဆင်းရဲ၊ ငါဆင်းရဲ
မိုးကားမသဲ၊ အာဏာသဲ
ခေတ်ကြီးမှောင်နေဆဲ…။ ။

-မောင်လှဝင်း(မြင်းခြံ)-
၁၉၉၉

No comments:

Post a Comment