07 March 2009

ကျွန်ုပ်တို့၏ ဖွင့်ဟဝန်ခံချက် (နေမင်းနီ)

တော်လှန်ရေးသမားဆိုတာ
မိမိကိုယ်ကို ခြွေချ
တတ်နိုင်သမျှ ခြွေချ
အဲဒီက အပိုင်းအစတွေနဲ့
ပြည်သူကို ရွှေချချင်သူတွေပါ...
ပုဂ္ဂလအခွင့်အရေးထက်
ရုပ်ဓမ္မက ဖွင့်ပေးတဲ့
တော်လှန်ရေးကို ယုံကြည်တယ်...
တော်လှန်ရေးသည် ပထမ
တော်လှန်ရေးသည် ဒုတိယ
တော်လှန်ရေးသည် တတိယ
တုနှိုင်းလို့မရတဲ့
လူ့လောကသစ်အတွက်ဆိုရင်
လေးသင်္ချေနဲ့ကမ္ဘာတသိန်းမက
ထာဝရ ပေးဆပ်သွားမယ့်သူတွေပါ...။ ။


(ဆရာဗန်းမော်တင်အောင် ကွယ်လွန်ခြင်း
အထိမ်းအမှတ်စာစောင်ငယ် ၂ဝဝ၁ ခုနှစ်တွင် ဖော်ပြပြီး။)
-နေမင်းနီ-

1 comment:

  1. ဒီကဗျာကတော့၊
    အစအဆုံး
    တပုဒ်လုံး
    အကျွန်နှလုံးကိုထိတယ်။

    တချို့ တော်လှန်ရေးအချောင်းသ္မားတွေ
    ။ အစောကြီး Sign out သူတွေ
    ။ မျောက်ပြ ဆန်တောင်းသူတွေ
    လာပြီးဖတ်စေချင်လိုက်တာ ဒါကအကျွန့် ဆန္ဒပ။

    ReplyDelete